ငဖယ်ဟင်းရည်ငရုတ်သီမထည့်နဲ့လို့မှာတာကို ငရုတ်သီးထည့်လာတယ်..
ခေါ်ပြောတော့ စားပွဲထိုးတဲ့မိန်းမ၃ယောက် တစ်ယောက်ကိုတစ်ယောက် လက်ညိုးထိုးနေကြတယ်... သွားပြောတဲ့အချိန် ထည့်ပြီးသားဖြသ်နေလို့ ရူးချင်ယောင်ဆောင်ပြီးလာချတယ်... နာရီဝက်လောက်စောင့်ပြီးမှ လာချတော့ငရုတ်သီးနဲ့တဲ့... ဒီတော့ ဟင်းရည်ထည့်လာတဲ့မြေအိုးပေါက်ခွဲခဲ့တယ်မြေအိုးဖိုးရော ဟင်းရည်ဖိုးရော တောင်းသလောက်လျှော်ပြီးပြန်ခဲ့တယ်...
တစ်ခုခုမထည့်တာ မကြိုက်တာမှာချင်သူတို့ မသွားသင့်သောဆိုင်လို့ပြောချင်တယ်... မှာထားတာနဲ့လွဲသွားရင်လည်း ပြန်လဲပေးဖို့မဆိုထားနဲ့ ဟိုလူ့အပစ်ဖို့ဒီလူ့အပစ်ဖို့နဲ့ ပြန်မလဲရအောင် ရမယ်ရှာတာက ဒီခေတ်ထဲ စိတ်အပျက်ဆုံးဝန်ဆောင်မှုလို့ပြောရမယ်...မှာထားတာရဖို့လည်း နာရီဝက်လောက်စောင့်ရတယ်.. အချိန်ကုန်ပြီး မှာသလိုလည်းမရတော့ စိတ်တို အချိန်ကုန် ငွေကုန်တာပဲအဖတ်တင်တယ်...
Food: 3
Service: 1
Atmosphere: 5